𝐄𝐌𝐄𝐑𝐀𝐋𝐃 𝐓𝐑𝐈𝐀𝐍𝐆𝐋𝐄 ♻

𝐄𝐌𝐄𝐑𝐀𝐋𝐃 𝐓𝐑𝐈𝐀𝐍𝐆𝐋𝐄 ♻

May 31, 2025
200

(The Heart Of American Cannabis Culture)

Emerald Triangle ဆိုတာကတော့ Trinity, Humboldt နဲ့ Mendocino စတဲ့ Northern California ရဲ့ အကြီးဆုံး Legendary Cannabis Capital မြို့သုံးခုစုံတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Emerald Triangle ဟာ အမေရိကန်ဆေးခြောက်ယဥ်ကျေးမှုရဲ့နှလုံးသားတစ်ခုအနေဖြင့်သတ်မှတ်ခံထားရပါတယ်။

Emerald Triangle အစကတော့ တော်တော်များများသိကြတဲ့ Summer Of Love,1976 ကနေစတင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ San Fransico, Haight-Ashbury ရဲ့ Golden Gate Park မှာလူပေါင်း 100,000 ကျော်တက်ရောက်ခဲ့ပြီးတော့လူထုလှုပ်ရှားမှုတွေစတင်ခဲ့ပါတယ် Peace, Love နဲ့ Freedom အတွက် Hippies Movement တွေလဲပါဝင်ခဲ့ပါတယ်။ Hippies တွေရဲ့မတူညီတဲ့ Alternate Lifestyle ထဲမှာ Cannabis ကလဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ Hippies Culture ကလဲကြီးထွားသထက်ကြီးထွားလာပြီးတော့ လူငယ်တွေဟာ ပိုမိုလွတ်လပ်ချင်လာတယ်, မြို့ပြလူနေမှုတွေရဲ့အဝေးမှာနေချင်လာတယ်, စစ်ပွဲတွေရဲ့ဝေးရာမှာအေးဆေးငြိမ်းချမ်းစွာနေထိုင်ချင်လာကြပါတယ်။ အဲ့ဒီ့တော့လွတ်လပ်စွာနေထိုင်ချင်သူတွေဟာ San Fransico နဲ့သိပ်မ​ဝေးတဲ့ Northern California ဘက် Mendocino နဲ့ Humboldt တောတောင်တွေကြားထဲကိုရွှေ့ပြောင်းရောက်ရှိလာပြီးတော့ Emerald Traingle ဆိုပြီးစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ "the largest migration of young people in the history of America" လို့ဆိုရလောက်အောင်ပဲ အမေရိကားသမိုင်းတွင်အောင် လူငယ်အများအပြားရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။ Quote Unquote Hippies တွေက သူတို့ရဲ့ Lifestyle ကိုရှာတွေ့ခဲ့ရုံသာမက Cannabis အပင်တွေကိုအကောင်းဆုံးစိုက်ပျိုးနိုင်မယ့်နေရာကိုပါတွေ့ရှိခဲ့ပါတယ်။

Remote Forest + Perfect Climate + Freedom From World = Paradise ဆိုရလောက်အောင်ပဲ Cannabis Paradise တစ်ခုအဖြစ် Emerald Triangle ကစတင်ခဲ့ပါတယ်။ Emerald Traingle ထဲမှာပဲ Cannabis Culture က​စတင်အမြစ်တွယ်လာပြီးတော့ အစောဆုံး Triangle ထဲက Cannabis Growers တွေအတွက် အရမ်းထူထပ်တဲ့တောတောင်အခြေအနေကြောင့် အပြင်လူမသိပဲ Cannabis အပင်တွေကိုအေးဆေးစိုက်ပျိုးနိုင်တဲ့အခြေအနေဖြစ်ခဲ့ပါတယ်။

California Proposition 215 (1996) ကြောင့် California မြို့တစ်ခုလုံး Cannabis ကိုဆေးဝါးအဖြစ်အသုံးပြုခွင့်တရားဝင်ရရှိခဲ့တာဟာ Emerald Triangle ရဲ့အောင်ပွဲတစ်ခုဖြစ်ခဲ့ပြီးတော့ Emerald Traingle ရဲ့ Cannabis Industry လဲပိုမိုကြီးထွားလာခဲ့ပါတယ်။

Emerald Triangle ဟာတစ်ကမ္ဘာလုံးမှာ Premium, Sun-grown cannabis, Craft Cannabis နဲ့ကျော်ကြားသလို Emerald Triangle ထဲမှာ Farm ပေါင်း 20,000 ကျော်ထိရှိပြီးတော့ မိသားစုအမွေအနှစ်အဖြစ် Cannabis Breeding နည်းပညာ Farms တွေကို Generation အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ကြပါတယ်။ Huckleberry Hill Farms, Mendo Dope Boys, Wild Leaf Farms, Ridgeline Farm, Anchor Farm, Ridge Boys, Heartwood, Sierra Sungrow စတဲ့ လူသိများ Farms တွေအပြင်များစွာသော Farms အငယ်လေးတွေရှိရုံသာမက၊ Cannabis Breeder တွေဖြစ်တဲ့ Emerald Triangle Seeds, Humboldt Seed Company အပြင်အစေ့ထုတ်လုပ်တဲ့ Farms အသေးတွေလဲများစွာရှိကြပါတယ်။ ယခု ၂၀၂၅ ခုနှစ်မှာတော့ farm အကြီးတွေကအဆင်ပြေနေပေမယ့် small farm တွေကတော့ တစ်ဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပါတယ်။ Emerald Triangle တစ်ခုလုံးကိုကြည့်လျင် များပြားတဲ့ Cannabis Legend တွေရှိရာ Legend Place တစ်ခုဖြစ်တာကိုလဲတွေ့နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

image

imageimageimageimageimageimageimage

For Educational Purposes And Entertainment Only

#emeraldtriangle #northerncalifornia #summeroflove #shufflemyanma

Подобається цей допис?

Купити для SHUFFLE MYANMA каву

Більше від SHUFFLE MYANMA